လှည်းကူးမြို့နယ်တွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show) ကျင်းပပြုလုပ်

လှည်းကူး   စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အဖွဲ့တို့ပူးပေါင်းပြီး မသန်စွမ်းသူများဆိုင်ရာအသိပညာပေး(Talk Show) ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်သည်။

အဆိုပါအသိပညာပေး(Talk Show)ဆွေးနွေးပွဲတွင် လှည်းကူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးတင်မျိုးအောင်က မသန်စွမ်းသူများဆိုင်ရာအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်လင်းပြောကြားပြီး(Book Club)အဖွဲ့ဝင်ဒေါ်သင်းသင်းရွှေက မသန်စွမ်းအမျိုးအစားများ၊ မသန်စွမ်းသူများ၏အခွင့်အရေးများ၊ မသန်စွမ်းသူများနှင့်ဆက်ဆံရမည့်နည်းလမ်းများ၊ မသန်စွမ်းသူများ၏အလုပ်အကိုင်အခွင့်အလမ်းရရှိရေးစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)