ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်

သုံးခွ စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်၁၉ ရောဂါ ကူးဆက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့် အလေ့အထများရရှိစေရန်အတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးရောင်းစျေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား Mask များ (အခမဲ့) ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်  (၁၀)နာရီအချိန်က အမှတ် ၁၁ ရပ်ကွက် အနော်ရထားလမ်းနှင့် ဓမ္မစေတီလမ်းတို့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့မစျေးကြီးအတွင်း စျေးရောင်းစျေးဝယ် ပြည်သူများနှင့် မော်တော်ယာဉ်မောင်းနှင်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေး၊ နှာခေါင်းစည်း Mask ကို အပြင်ထွက်တိုင်း တပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန်အတွက် နှာခေါင်းစည်း Mask (၂၅၀၀) ကျော်ကို ဖြန့်ဝေ၍ Mask campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း Mask များ (အခမဲ့)ဖြန့်ဝေရာတွင် ကျန်းမာရေး၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များl ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)