တာလေမြို့ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင်များကို နေ့စဉ် အခမဲ့ငှားရမ်းပေး

တာလေ စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် စာပေဝါသနာရှင်များ စာပေဗဟုသုတများ လွယ်ကူစွာလေ့လာနိုင်စေရေး၊ အားလပ်သည့်အချိန်များတွင် စာပေကို အကျိုးရှိစွာ အသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရရှိစေရေးတို့အတွက် ရည်ရွယ်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းလုပ်ငန်းကို တာလေမြို့ ပြည်သူ့စာကြည့် တိုက်ရှိဝန်ထမ်းများက နေ့စဉ်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တာလေမြို့ပြည်သူ့စာကြည့်တိုက်မှ  ဝါသနာတူ  စာပေဝါသနာရှင်များ စာအုပ်စာပေမှရရှိသော အသိပညာအတတ်ပညာဗဟုသုတများကို လွယ်ကူစွာလေ့လာနိုင်စေရေး၊ အားလပ်သည့်အချိန်များတွင် စာအုပ်စာပေကို အကျိုးရှိစွာ အသုံးပြုစေရေး၊ စာအုပ်စာပေများနှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှု ရရှိစေရေးတို့အတွက် စာကြည့်တိုက်သို့လာရောက်၍ အခက်အခဲမရှိ  ငှားရမ်းဖတ်ရှုလေ့လာနိုင်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာလေမြို့ ပြည်သူ့စာကြည့်တိုက်မှ ဝန်ထမ်းများက စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို နေ့စဉ်နံနက် ၉ နာရီခွဲမှမှ ညနေ ၄ နာရီခွဲအထိ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)