လှည်းကူး စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ ဇီးပင်ဝဲကျေးရွာအုပ်စုတွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်(၉)နာရီကစတင်၍ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ ဒေသနေပြည်သူများအား သက်သသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်ရောင်းချနေမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှုများဖြင့် လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အုပ်ချုပ်ရေးအထောက်အကူပြု ရာအိမ်မှူး၊ ဆယ်အိမ်မှူးများက ဒေသခံပြည်သူများမည်သူမဆို လွတ်လပ်စွာဝယ်ယူနိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင်လည်း ဆန်တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀/-နှုန်းဖြင့် ဆန်(၁၀)အိတ်၊ ဆီတစ်ပိဿာလျှင်ငွေကျပ် ၄၈ဝဝ/-နှုန်းဖြင့် ဆီပိဿာ(၁၁၀)နှင့်ကြက်ဥတစ်လုံးလျှင်ငွေ ကျပ် ၁၇၅/-ဖြင့် ကြက်ဥအလုံး(၁၀ဝဝ)ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)