သတင်းများ

မိုင်းရှူးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခြောက်လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအား ထပ်ဆင့်ရှင်းလင်းပွဲကျင်းပ
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မိုင်းရှူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မြစ်သားမြို့နယ်၌ mobile  library စနစ်ဖြင့် စာဖတ်ပရိသတ်လက်ဝယ်အရောက် စာအုပ်စာစောင်များအခမဲ့ ကွင်းဆင်းငှားရမ်းပေး
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ mobile  library   စနစ်ဖြင့်စာအုပ် စာစောင်များအခမဲ့ကွင်းဆင်းငှားရမ်းပေး ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှိ ဝန်ထမ်းများဖြစ်သည့် စာဖတ်ပရိသတ်လက်ဝယ် အရောက် စာအုပ်စာစောင်များ အခမဲ့‌ငှားရမ်းပေးခဲ့ကြောင်း သိရသည်။   
ငပုတောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား(၁၇၉၂)ဦးအတွက် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်
Sep 23,2022
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတော မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၁၇၉၂)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက်လိုက်လံပေး အပ်လျက်ရှိကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းဆောင်ရွက်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ရန်ကုန်-မန္တလေးလမ်း၊ အုတ်တွင်းမြို့အထွက် Toll Gate နေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်မြို့နယ် သရက်သုံးပင်ရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Sep 23,2022
ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သရက်သုံးပင် အုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများအဆင်ပြေ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရသဖြင့် မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာနကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များစု‌ပေါင်း၍ စာဖတ်ဝိုင်းကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီကျင်းပခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် ခရီးသွားလုပ်ငန်းများဖြစ်စေရေး ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များညှိနှိုင်းဆွေးနွေး
Sep 23,2022
ကချင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝ အလှအပရှုခင်းများ၊ သဘာဝသယံဇာတအရင်း အမြစ်များစွာ ကြွယ်ဝမှုအပေါ် အခြေခံ၍ ရေရှည်တည်တံ့ခိုင်မြဲပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေမည့် သဘာဝအခြေခံ သည့် ခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်း ကော်မတီ၏ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားသည်။