ကျုံပျော်မြို့နယ် သရက်သုံးပင်ရွာသို့ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကျုံပျော် စက်တင်ဘာ ၂၃

ပြည်သူများအနေဖြင့် လက်ရှိဖြစ်‌ပေါ်နေသော အခြေအနေအမှန်များ၊ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်း ဆောင်ရွက်‌နေမှုများကို သိရှိစေရန်အတွက် စစ်ကြောင်းကြီး(၅) ကြောင်းဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ သရက်သုံးပင် အုပ်စု၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက်  ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းတို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ လက်ရှိနိုင်ငံရေး အခြေအနေမှန်များ၊ ကျန်းမာရေးကိစ္စ၊ စိုက်ပျိုးရေးကိစ္စ၊ စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ မြေပြင် လူဦးရေ စာရင်းကိစ္စ၊ ယာဉ်/လမ်းစည်းကမ်း ဆောင်ရွက်နေမှုများနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း‌ သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကဏ္ဍအလိုက်ဆွေးနွေးကာ ပြည်သူများ၏ မေးမြန်းချက်အား သက်ဆိုင်ရာ ဌာနများက ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် အဆိုပါ ကျေးရွာရှိ အိမ်ထောင်စု (၁၂၀)ထံသို့ ဆန်၊ ဆီ၊ ဆားများကို ဈေးနှုန်း ချိုသာစွာ ရောင်းချပေးပြီး ဆန်(၄)အိတ်၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ အခမဲ့ဖြန့်ဝေပေး ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သည်။ အဆိုပါ စစ်ကြောင်းကြီး(၅) ကြောင်းတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းများ ပါဝင်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ပြည်သူ့စကားသံနှင့် တင်ပြလာ မှုများအပေါ် အကူအညီ‌ ပေးနိုင်ရေးအတွက် ကွင်းဆင်း၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)