သတင်းများ

ပြင်ဦးလွင်မြို့ အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ပန်းအလှပြင်နည်းပို့ချ
Sep 23,2022
အခမ်းအနားများပွဲများ ပြင်ဆင်ရာတွင် ပန်းများဖြင့် အလှပြင်ဆင်နည်း၊ ပန်းအလှထိုးနည်းများကို သိရှိစေရန်ရွယ်၍ ပြင်ဦးလွင်ခရိုင် ခရိုင်အမျိုးသမီးကော်မတီမှ ကြီးမှူး၍ ပန်းအလှပြင်နည်းသင်တန်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ပန်းတောင်းမြို့နယ် ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်းမေးမြန်း
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ မကျီးထုံးအုပ်စု ကြို့ကုန်းကျေးရွာတွင် ဆောင်းနေကြာစိုက်ပျိုးထားသောတောင်သူအား စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းမေးမြန်းခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိစေရေး အတွက်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ လားရှိုးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောင်းကုန်းမြို့နယ်၌ ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့အဝင်လမ်းဆုံတွင် ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က ပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ခြင်းနှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်Talk Show ကျင်းပ
Sep 23,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီက စာရေးဆရာမပေါက်ပေါက်နှင့် ကမ္ဘာ့ခွေးရူးပြန်ရောဂါနေ့ အထိမ်းအမှတ် Talk Show ကျင်းပပြုလုပ်ခဲ့သည်။
သာစည်မြို့နယ် ကျွဲကျကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်း(ခွဲ) ဖွင့်လှစ်
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စု ကျွဲကျကျေးရွာ အခြေခံပညာမူလတန်းကျောင်း(ခွဲ)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် နိုင်ငံတော်မှ လူငယ်များ၏ ပညာရေး၊ ကျန်းမာရေးနှင့်လူငယ်ရေးရာကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်လျက်ရှိရာတွင် ကျောင်းသား/ကျောင်းသူ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ငပုတောမြို့နယ်၊ အမှတ်(၁)အခြေခံပညာ မူလွန်‌ကျောင်းတွင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၁ နာရီ အချိန်က အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့နယ်ရှိဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ လူဝင်လူထွက်များသော အစားအသောက် ရောင်းချသည့်ဆိုင်များနှင့်ဈေးဆိုင်၊ စတိုးဆိုင်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းချနိုင်ရေးအတွက်