သတင်းများ

ဖားဆောင်းမြို့ ရတနာစျာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကျင်းပ
Sep 23,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မြို့သူ၊ မြို့သားများမှ သံသရာဝဋ်ဆင်းရဲမှကင်းလွတ်ရာ၊ အေးငြိမ်းရာမှန်မြတ်နိဗ္ဗာန်ကို ရည်သန်တောင့်တလျက် ရတနာစျာန်အောင်စေတီတော် စိန်ဖူးတော်သစ်တင်လှူပူဇော်ပွဲကို ယမန်နေ့က ကျင်းပပြုခဲ့သည်။
ရွှေဘိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး မြေစိုက်ပိုစတာစိုက်ထူ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ​​ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ ရွှေဘို-မြစ်ကြီးနားကားလမ်း ကျုံး​ထောင့်တွင် ယ​နေ့မွန်းလွဲ ၁ နာရီအချိန်က "ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး" မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူပွဲကျင်းပ
Sep 23,2022
စစ်ကိုင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး မြေစိုက်ဗီနိုင်းပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီက စစ်ကိုင်းမြို့ ရွှေမင်းဝံ ပန်းခြံအနီး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်ရှိ အနော်ရထာလမ်းအား ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနူန်းပြည့်ပြီးစီး
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
အ.ထ.က(ပေါက်ခေါင်း)၌ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပညာရေးဌာန၊ ပြည်ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ လူကုန်ကူးမှုနှင့်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူ၌ “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” ဆိုင်းဘုတ်စိုက်ထူ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ ဗိုလ်ချုပ်လမ်းအရှေ့ဘက် စည်ပင်သာယာခန်းမ အနောက်မြောက်ဘက်ထောင့်၌ ယမန်နေ့နံနက် ၁၁ နာရီခန့်က “ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး” အသိပညာပေး ဆိုင်းဘုတ်အား တာဝန်ရှိသူများကစိုက်ထူခဲ့ကြကြောင်း သိရသည်။
ရွှေဘိုမြို့၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြင့်ပွဲအခမ်းအနား ကျင်းပ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်​ရွှေဘိုမြို့ အမှတ်(၂)အ​ခြေခံပညာအထက်တန်း​ကျောင်း​ရွှေရတုခန်းမ၌ ၂၀၂၂-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို
ရေးမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ
Sep 23,2022
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာနေ့ အထိမ်း အမှတ်အဖြစ် "ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။