သတင်းများ

မြန်အောင်၌ အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ရပ်ကွက်/ကျေးရွာများရှိ အခြေခံအိမ်ထောင်စုဝင်များ စားသောက်ရေး အထောက်အကူ ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်က မြန်အောင် မြို့နယ် ရှားတောကျေးရွာအုပ်စု ရှားတောအမှတ်(၅)ရပ်ကွက်၌ ဆန်၊ ဆီနှင့်ကြက်ဥများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရ သည်။
မူဆယ်မြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ Community Centre ခန်းမ၌ ယနေ့နေ့လည် ၂ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်း၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။
ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းမှ ဆန်(၁)ပြည်လျှင် (၁၅၀၀)ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချ
Sep 23,2022
နွမ်းပါးပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဆန်ရိက္ခာ ဝယ်ယူစားသုံးနိုင်ရန်နှင့် စားဝတ်နေရေး ချောင်ချိသက်သာစေရေးကို ရည်ရွယ်ကာ ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များ အသင်းမှ သတ်မှတ်ရက်များအလိုက် ဘိုကလေးမြို့ပေါ်ရှိ အမှတ်(၆၊ ၇၊ ၈၊ ၉၊ ၁၀)ရပ်ကွက်များ၊ မြို့နှင့် ထိစပ်လျက်ရှိသည့် သာပေါင်းကျေးရွာ၊ ဘုရားချောင်းကျေးရွာတို့အား ဇီယျာဆန်(၁)ပြည်လျှင် (၁၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု တစ်စုလျှင် ဆန်(၂)ပြည်နှုန်း ရောင်းချပေး လျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီ၌ အမှတ်(၆) ရပ်ကွက်အတွင်းတွင် ဆန်(၁၁၀၀)ပြည်အား သွားရောက် ရောင်းချပေးခဲ့သည်။
ဒေးဒရဲမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများပေးအပ်
Sep 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ခြင်းကို ယမန်နေ့ နံနက် (၁၁)နာရီခွဲက ကံစု​ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး
Sep 23,2022
နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်အတွင်း လမ်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမင်းကျော်သူ၊ မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အင်ဂျင်နီယာ ဒေါ်အေးမြင့်ခိုင်၊
တံတားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ တောင်သူအသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တောင်သူအသိပညာပေး Talk Show ကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန် က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကာလိမြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ ဆီများကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာအဆင့် စီမံကိန်းကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းပို့ချ
Sep 23,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာအဆင့်စီမံကိန်း ကော်မတီဝင်များအား စီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ယမန်နေ့ နံနက်(၉)နာရီတွင် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ပို့ချသင်ကြားခဲ့ကြောင်း သိရသည်။