သတင်းများ

ကလိန်အောင်မြို့လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Sep 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ (Book Club) စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းနှင့် (Youth Club) လူငယ်အသင်းတို့ပူးပေါင်း၍ မိမိတို့သိသည့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများအချင်းချင်း အသိပညာဗဟုသုတများ ဖလှယ်ပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁) နာရီက   လူထုအခြေပြုဗဟိုဌာန၌  ကျန်းမာရေးဆိုင်ရာအသိပညာပေး ဆွေးနွေးပွဲကိုဆောင်ရွက်ခဲ့သည်။
စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၃(စံပြ) လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးတွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် Mask Campaign ပြုလုပ်
Sep 22,2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၅၅လမ်းနှင့် ၅၆လမ်းကြား၊ ၁၃၃(စံပြ) လမ်းထောင့်ရှိ (ဇ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ (ဇ)ဈေးတွင် ယနေ့နံနက်(၇)ခွဲအချိန်မှစတင်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၂ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင်ပွဲ ကျင်းပ
Sep 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၂ ခုနစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ကုမုဒြာခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ် Community Centre တွင် ပုံပြောပြိုင်ပွဲကျင်းပ
Sep 22,2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မင်းကွန်းသရက်ပင် ကျောင်းတိုက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အမှတ်(၅)တို့ ပူးပေါင်းပြီး ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ရည်ရွယ်ကာ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နံနက် (၁၀)နာရီက ကျောင်းသားကျောင်း သူများပုံပြောပြိုင်ပွဲ ကျင်းပပေးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့နယ် ဆားခါးကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး
Sep 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ဆားခါးကျေးရွာ၌ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်သည့်
လှိုင်းဘွဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြောခြင်းနှင့် ကိုဗစ်ရောဂါပိုး ရှိ /မရှိစစ်ဆေးပေး
Sep 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့၊  အခြေခံပညာအထက်တန်းကျောင်း၊ ပန်းဝတ်မှုံခန်းမဆောင်၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်စေရေးအတွက် (RDT) test kit ဖြင့် စစ်ဆေးပေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။