သတင်းများ

လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 23,2022
ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသည့် စကားနှင့်အညီ အနာဂတ်ကို ထုဆစ်ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအသိပညာမြင့်မားရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က တောင်ကုတ်မြို့ ၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတာနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသရှိ နနွင်းစိုက်ခင်းများတွင် ကျွန်းနှင့် အခြားသစ်မာများ ကြားညှပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင်  ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူများအနေဖြင့် နနွင်းပင်များကို  စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး ကျေးရွာအချို့ရှိ တောင်သူများမှာ သဘာ၀ပတ် ဝန်းကျင်ထိန်းသိမ်းရန်အတွက် သစ်တောဦးစီးဌာနမှ ဖြန့်ဝေပေးသော ပျိုးပင်များအားရယူခြင်း၊ ကိုယ်တိုင်ပျိုးထောင်ခြင်း၊ ပုဂ္ဂလိက ပျိုးထောင်ရောင်းချသူများထံမှ ဝယ်ယူ၍ နနွင်းစိုက်ခင်းများကြားတွင် အခြားသစ်မာပင်များကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပိုင်ကျုံမြို့အတွင်းရှိ‌  ကစိုကျေးရွာအုပ်စုအတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက်  သက်ကြီးဘိုးဘွားများအား    လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Sep 23,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေး ပင် စင်ထောက်ပံ့‌ငွေရရှိသည့် အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား  ထောက်ပံ့‌ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
တန့်ယန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ် အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း(Booster)ဆေး ထိုးနှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
ကေ့ာကရိတ်မြို့ပြည်သူ့စာကြည့်တိုက်၌စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များပြသ
Sep 23,2022
ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင်၌ ပြည်သူများ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟု သုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ခရိုင် ​ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာ‌စောင်ပြပွဲ၊ ကလေး အလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
မိုင်းရယ်မြို့၌ နေကြာစံပြကွက် စတင်စိုက်ပျိုး
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း၊ မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ဆီထွက်သီးနှံ ဖြစ်သည့် နေကြာကိုစိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် တောင်သူများ အကျိုးပြုဖြစ်ထွန်းစေရန် ရည်ရွယ်၍ မိုးနှောင်းကာလနေကြာစတင်စိုက်ပျိုးခြင်းကို
ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း ဆယ်ဖူးဈေးနှုန်း ၁၄၀၀ ကျပ်ရောင်းချရ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက် တောင်သူများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်းပြောင်းဖူးပွဲစား ဦးဝင်းတင်ထံကသိရ သည်။
တပ်ကုန်းမြို့၌ ဝန်ထမ်းများ စာဖတ်ဝိုင်းဆောင်ရွက်
Sep 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကျေပွန်အောင် ထမ်းဆောင်နိုင်ရန်နှင့်