သတင်းများ

မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်
Sep 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်ကို နောင်အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်ရန်ရည်ရွယ်၍ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်း၌ ရွှေသီးနှံ မက္ကဒေးမီးယားစိုက်ပျိုး
Sep 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌  မဲခေါင်-လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထောက်အပံ့ဖြင့် ရွှေသီးနှံ မက္ကဒေးမီးယား ၂၁၅၀ ပင် စိုက်ပျိုးပြီးကြောင်း၊ ကျန်ရှိသော ပျိုးပင်များကို လာမည့်မိုးရာသီတွင် ဆက်လက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉:၀၀ ကမင်္ဂလာဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း မင်္ဂလာဒုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရိမင်္ဂလာခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် နေရာ(၃)နေရာခွဲ၍ ရောင်းချပေး
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စားနပ်ရိက္ခာဖူလုံရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ပြီး ယနေ့နံနက်(၉)နာရီက အခြေခံစားသောက် ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် နေရာ(၃)နေရာခွဲ၍ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဟိုပန်ကျေးရွာအုပ်စု၊ နမ့်မော်ငင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများတို့ပူးပေါင်းပြီး ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က နမ့်မော်ငင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်လုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး Mask Campaign ပြုလုပ်
Sep 23,2022
 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ပန်လုံမြို့၊ မြို့မဈေးတွင် Mask Campaign ကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံမှန်ကန်ရေးကွင်းဆင်းတိုက်ဆိုင်စစ်ဆေး
Sep 23,2022
တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၂)ခုတွင် ဆောင်ရွက်ခဲ့သည်။