လိပ်သိုဒေသရှိ နနွင်းစိုက်ခင်းများတွင် ကျွန်းနှင့် အခြားသစ်မာများ ကြားညှပ်စိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်း

လိပ်သို စက်တင်ဘာ  ၂၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင်  ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူများအနေဖြင့် နနွင်းပင်များကို  စီးပွားဖြစ် စိုက်ပျိုးလျက်ရှိပြီး ကျေးရွာအချို့ရှိ တောင်သူများမှာ သဘာ၀ပတ် ဝန်းကျင်ထိန်းသိမ်းရန်အတွက် သစ်တောဦးစီးဌာနမှ ဖြန့်ဝေပေးသော ပျိုးပင်များအားရယူခြင်း၊ ကိုယ်တိုင်ပျိုးထောင်ခြင်း၊ ပုဂ္ဂလိက ပျိုးထောင်ရောင်းချသူများထံမှ ဝယ်ယူ၍ နနွင်းစိုက်ခင်းများကြားတွင် အခြားသစ်မာပင်များကို တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသသည် မိုးများသဖြင့် တောင်ယာများ ခုတ်ထွင်ရှင်းလင်းပြီး နနွင်းတက်ကို စီးပွား ဖြစ်စိုက်ပျိုးခြင်းနှင့်အတူ ကျွန်းနှင့် အခြားသစ်မာပင်များကို ကြားညှပ်စိုက်ပျိုးကြကာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း၊ ထိုသို့ကြားညှက်စိုက်ပျိုးရာတွင် ပေါင်းမြက်ရှင်းလင်းခြင်း၊ သစ်ပင်များအား ရှင်သန်ကြီးထွားအောင် ပြုစုစောင့်ရှောက်ခြင်းဖြင့် အချိန်ကုန်၊ငွေကုန်သက်သာသည့်အပြင် နနွင်းကို (၃) နှစ်ဆက်တိုက် စိုက်ပျိုးနိုင်၍ စိုက်ပျိုးလုပ်ကိုင်သူတောင်သူများ လွန်စွာအကျိုး ဖြစ်ထွန်းလျက်ရှိကြောင်း ဒေသခံတောင်သူ စောဂေါ်ထူးထံမှ သိရသည်။

ခင်လေးနွယ်(လိပ်သို)