ညောင်ဦးမြို့နယ်ရှိ ပြောင်းဖူးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်း ဆယ်ဖူးဈေးနှုန်း ၁၄၀၀ ကျပ်ရောင်းချရ

ညောင်ဦး  စက်တင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများမှ ပြောင်းဖူးစိုက် တောင်သူများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ထွက်သလောက်ရောင်းချနေရခြင်းကြောင့် ပြောင်းဖူးစိုက်တောင်သူများတွက်ခြေကိုက်နေကြကြောင်းပြောင်းဖူးပွဲစား ဦးဝင်းတင်ထံကသိရ သည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် မြေအောက်ရေဖြင့်စိုက်ပျိုးသည့် သကြားပြောင်းဖူး၊ အစေးပြောင်းဖူးခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိကာ အဆိုပါစိုက်ခင်းများမှထွက်ရှိသည့် ပြောင်းဖူးများကို အနီးအနားမြို့များသို့ရောင်းချ နေရခြင်းကြောင့်ထွက်ရှိ သည့်ပြောင်းဖူးများ ထွက်သလောက်ပြောင်းဖူးများရောင်းချနေရ ခြင်းကြောင့်ပြောင်းဖူးစိုက် တောင်သူများတွက်ခြေကိုက်နေကြောင်းသိရသည်။ ကျွန်တော်တို့ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာတွေဟာ စိုက်ပျိုးရေးလုပ်ငန်းတွေကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ သီးနှံ စိုက်ပျိုးလုပ်ကိုင်ကြတဲ့အခါမှာလည်း မြေအောက်ရေကိုတွင်းတူးပြီး ရေထုတ်ယူကာရေသွင်း စိုက်ပျိုးကြောင်း၊ ကိုယ်ပိုင် ရေတွင်းရှိခြင်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို ကြိုက်တဲ့အချိန် လုပ်ကိုင်၍ရကြောင်း ဒီနှစ်မှာ သကြားပြောင်းဖူး၊ အစေးပြောင်းဖူးများမြေအောက်ရေဖြင့်စိုက်ပျိုးကြရာ ပြောင်းဖူးများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဖူးဈေး ၁၄၀ ကျပ် ရောင်းချရခြင်းကြောင့် တွက်ခြေ ကိုက်နေကြောင်း ပြောင်းဖူးစိုက်တောင်သူများမှပြောကြားသည်။ ပြောင်းဖူးစိုက်ပျိုးကြရာတွင် အချိန်နှစ်လ ခွဲဖြင့် ငွေအမြန်ပေါ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် ပြောင်းဖူးစိုက်ပျိုး တောင်သူများ ပြောင်းဖူးရောင်းချချိန် တစ်ဖူး ၁၄၀ကျပ်သာရောင်းချရခြင်းကြောင့် တွက်ခြေ ကိုက်ဖြစ်နေကြကြောင်းဦးဝင်းတင်က ရှင်းပြသည်။

ကိုကြေးမုံ