သတင်းများ

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူ တစ်ရက်လျှင် ၇၀၀ ဦးမှ ၁၀၀၀ ဦးခန့်ဝင်ရောက်ဖူးမြှော်
Sep 23,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ ယခုတစ်ပတ်အတွင်း မြန်မာပြည်အရပ်ရပ်မှဘုရားဖူးလာရောက်သူများပြားလာနေကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှသိရသည်။
နမ့်စန်တွင် လူထုအခြေပြုငှက်ဖျားရောဂါကာကွယ်ရေး စီမံကိန်းမြို့နယ်အဆင့် အသိပေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ
Sep 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်‌ခြေနီအသင်း၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် အမျိုးသား ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့တို့ပူးပေါင်း၍ UNOPS/GF RAI 3E ရန်ပုံငွေအထောက်အပံ့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ‘လူထုအခြေပြု ငှက်ဖျားရောဂါ ကာကွယ်ရေးစီမံကိန်း’မြို့နယ်အဆင့် အသိပေးညှိနှိုင်းဆွေးနွေးပွဲ ( Township Coordination Meeting )ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန( Community Centre) တွင် ယ မန်နေ့ နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီက ခရိုင်မြို့ ၈ မြို့တွင်အသိပညာပေး ပိုစတာများ စိုက်ထူ
Sep 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ လမ်းညွှန်ဖြင့် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်းကော်မတီ၏ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ပိုစတာစိုက်ထူခြင်း အခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီအချိန်က မုံရွာမြို့  ကန်သာယာအနီး လူစည်ကားရာ လမ်းဆုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း ခရိုင်မြို့ ၈ မြို့တွင် အဆိုပါ အသိပညာပေးပိုစတာများကို ယမန်နေ့ စိုက်ထူခဲ့ကြကြောင်းသိရသည်။
လွိုင်လင်မြို့၌ ဆီလုပ်ငန်းရှင်များအသင်းမှ ဆီ(၁)ပိသာ ၅၃၀၀ ကျပ်ဖြင့်ရောင်းချပေး
Sep 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း က စားသုံးသူလက်ဝယ်အရောက် တိုက်ရိုက်လက်လီလက်ကားစနစ်ဖြင့် ဆီ (၁) ပိသာ လျှင် ၅၃၀၀ ကျပ်နှုန်းဖြင့် ယနေ့ နံနက်(၁၀)နာရီက မြို့မဈေးကြီး
စဉ့်ကူးမြို့နယ်တွင် ​ကျေးရွာ ၄ ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ဆပ်/ထုတ်စနစ်ဖြင့် ထုတ်ပေး
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စီမံကိန်းဝင်ကျေးရွာ (၄)ရွာအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံ ငွေဆပ်/ထုတ်စနစ်ဖြင့် ထုတ်ချေးပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁ဝ) နာရီက စဉ့်ကူး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့​သည်။
စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲ ကျင်းပ
Sep 23,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ခူလယ်ကျေးရွာအုပ်စု၊ ခူလယ်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာ ယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ခူလယ်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းတွင် ယမန်နေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Sep 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မိုးကောင်းလမ်းတွင် မြို့နယ်အဆင့်ပူးပေါင်းအဖွဲ့များဖြင့် မော်တော်ယာဉ်များ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းရှိ/ မရှိ စစ်ဆေးအကြံပေးခြင်းကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့တွင် ကျောင်းသား/သူများအား မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးဟောပြော
Sep 23,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့တွင် အနာဂတ်တိုင်းပြည်၏ သားကောင်း၊ သမီးကောင်းရတနာ ကျောင်းသား/သူများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးနှင့်အန္တရာယ်များကိုသိရှိပြီး ရှောင်ရှားတတ်စေရန်အတွက်   အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်သီရီမင်္ဂလာခန်းမ၌ပြုလုပ်ခဲ့သည်။