ပိုင်ကျုံ စက်တင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာသန်စွမ်းပြီးအာဟာရပြည့်ဝစွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေး ပင် စင်ထောက်ပံ့ငွေရရှိသည့် အသက် (၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စုတွင် လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသည့် အသက်(၈၅)နှစ်နှင့် အထက်သက်ကြီးဘိုးဘွား( ၂၈ )ဦးတို့အား တစ်ဦးလျှင် (၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၈၄၀,၀၀၀)ကို သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က ယမန် နေ့ နံနက်ပိုင်းအချိန်တွင် လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်ဒုတိယ(၃)လပတ်အတွင်း ပိုင်ကျုံမြို့တွင်မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)အုပ်စုအတွင်းရှိ လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက်အဘိုး(၁၃၈) ဦး၊ အဘွား(၂၂၁)ဦး စုစုပေါင်း( ၃၅၉ )ဦးရှိကြောင်း မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)