ကေ့ာကရိတ်မြို့ပြည်သူ့စာကြည့်တိုက်၌စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်လူကုန်ကူးမှုအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်များပြသ

ကေ့ာကရိတ် စက်တင်ဘာ ၂

ကရင်ပြည်နယ်၊ ကေ့ာကရိတ်ခရိုင် ပြည်သူများ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ၊ အသိပညာဗဟု သုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ခရိုင် ​ပြန်ကြား‌ ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာ‌စောင်ပြပွဲ၊ ကလေး အလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ ပြသခြင်းကို ယမန်နေ့ မွန်းလွှဲ ၂ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ စာအုပ်စာ‌စောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲတွင် တိုင်းရင်းသားစာ‌ပေနှင့်ယဉ်ကျေးမှု ကော်မတီမှရေးသားထုတ်ဝေသည့် ရုပ်ပုံပြပုံပြင်စာအုပ်များ၊ ရွှေသွေးဂျာနယ်များ၊ တေဇရုပ်စုံ စာအုပ်များ  သုတပဒေသာစာစောင်များ၊ စာပေဗိမာန်ဆုရစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များ လူကုန်ကူးမှုအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြသပေးလျက်ရှိရာ အမက (၁၃)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)