တပ်ကုန်း စက်တင်ဘာ ၂၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများ ဌာနလုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်၊ လုပ်ငန်းများကျေပွန်အောင် ထမ်းဆောင်နိုင်ရန်နှင့် စာဖတ်သည့်အလေ့အထ များဖြစ်ပေါ်စေရန် ဝန်ထမ်းစာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူးနှင့်ဝန်ထမ်းများက “ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ” စာအုပ်တွင် ပါရှိသည့် လစာပေးရန်အချိန် စေ့ရောက်သောနေ့၊ လစာတောင်းခံလွှာမှ ခုနှိမ်ဖြတ်တောက်ခြင်း နှင့်ပတ်သက်သည့်အကြောင်းအရာများကို ဖတ်ကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်