မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ပလပ်စတစ်သုံးစွဲမှု လျှော့ချရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

မိုင်းလုံ  စက်တင်ဘာ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော ဂေဟစနစ်ကို နောင်အနာဂတ် မျိုးဆက်သစ်များဆီသို့ လက်ဆင့်ကမ်း ပေးနိုင်ရန်ရည်ရွယ်၍ အထက်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပလပ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို  ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်‌လောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် အထက်တန်းပြဆရာ ဦးသန်း‌ဇော်က ပလပလပ်စတစ် ညစ်ညမ်းမှု၏ ဆိုးကျိုးများနှင့် ပလပ်စတစ်သုံးစွဲမှု လျော့ချရေး ဖြေရှင်းရမည့် နည်းလမ်းများ၊ ပလပ်စတစ်စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်ကြရေး၊ ပလပ်စတစ်ပစ္စည်း သုံးစွဲမှုလျော့ချရေးနှင့် မြို့ရွာ သန့်ရှင်းသာယာ လှပရေးအကြောင်းများ၊  သတ်မှတ်ထားသော အမှိုက်ပုံး၊ အမှိုက်ကန်များတွင်  အမှိုက်စို၊ အမှိုက်ခြောက်များကို ခွဲခြား၍ စည်းကမ်းတကျ စွန့်ပစ်တတ်စေရေး၊ တစ်ကိုယ်ရည် အမှိုက်စွန့်ပစ်မှုလျော့ချနိုင်ရေး အသိပညာပေးမှုများကို  ကျောင်းသား/ကျောင်းသူများအား အကျယ် တဝင့်ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)