နတ်မောက်မြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများ စတင်ထုတ်ပေး

နတ်မောက် ဇန်နဝါရီ ၂၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့ နံနက် () နာရီအချိန်ခန့်က စတင်ပြီး ထုတ်ပေး လျက်ရှိသည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဇန်နဝါရီလ (၂၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် ()နာရီမှ ညနေ () နာရီအထိ ထုတ်ပေးသွားမည်ဖြစ်သည်။ ထို့ပြင်သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း ၌ လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။  လှဝင်း