သတင်းများ

လူထုအခြေပြုဗဟိုဌာန (Community Centre) တောင်ကြီးတွင် စာဖတ်ဝိုင်းကျင်းပ
Sep 26,2022
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် တောင်ကြီးမြို့နယ် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက  ယမန်နေ့ နေ့လည် (၁၂)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန တောင်ကြီးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ပြည်သူ့ စာကြည့်တိုက်အတွင်း၌   စာဖတ်ဝိုင်းကျင်းပဆွေးနွေးခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (၄၃၁၃၆၂)ဦးထိုးနှံပြီးဖြစ်
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါပိုးများ ကူးစက်မှုမရှိစေရေး အသိ ပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းများနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီက ကိုဗစ်-၁၉ကာကွယ်ဆေး (၄၃၁၃၆၂)ဦး ထိုးနှံပြီးဖြစ်ကြောင်း  သိရသည်။
ဖျာပုံမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေး အသိပညာပေး လှုပ်ရှားမှုအနေဖြင့် နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေ
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့ပေါ်လူစည်ကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် Mask တပ်ဆင်ထားခြင်းမရှိသူ လမ်းသွားလမ်းလာပြည်သူများအား မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက Mask Campaign ပြုလုပ်၍ Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်(၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၁၂) ရပ်ကွက် မာလာမြိုင်လမ်းနှင့် (၅)လမ်း လူစည်ကားရာနေရာများ၌ ပြုလုပ်ကြသည်။
ဒေါ်ညိမ်းကျေးရွာတွင် ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် အိမ်ထောင်စု (၁၀၀)အား ဘော့ချိတ်ပုစွန်ပိဿာ (၅၀)ရောင်းချပေး
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် အမာမြို့ ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းသားကြီးများ ပူးပေါင်း၍ ဒေါ်ညိမ်းကျေးရွာအတွင်းရှိ ပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန် ရည်ရွယ်၍ ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဘော့ချိတ်ပုစွန်ပိဿာ (၅၀)အား ရောင်းချပေးခြင်းကို စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်(၇)နာရီခွဲအချိန်က ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား‌သော မြေပဲစိုက်ခင်းများ စတင်နှုတ်သိမ်း
Sep 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၌ မိုးရာသီ မြေပဲစိုက်ခင်းများကို ဝမ်ဟေကျေးရွာ အုပ်စု ခိုတိဝိုးကျေးရွာနေ ဒေါ်ပါညွှန့်၏ ယာခင်းတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယနေ့တွင် စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်တွင်မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာ ကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်
Sep 26,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးပေးခန်းတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ
Sep 26,2022
ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့သည့် သဗ္ဗညုဘုရား ပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်ဆောင်ရွက်မှုများ ရှင်းလင်းတင်ပြမှုအခမ်းအနားကို  ယမန်နေ့လယ် (၂) နာရီက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ရှေးဟောင်းသုတေသနပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမ်းမြို့နယ်၌ အခြေခံစားသောက်ကုန်နှင့်ဟင်း သီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချနေမှု၌ ကိုဗစ်-၁၉ အသိပညာပေး Mask Campaign ဆောင်ရွက်
Sep 26,2022
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း ဦးဆောင်၍ အခြေခံစားသောက်ကုန်နှင့်ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချမှုနှင့်ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းကို ယနေ့နံနက် ၇ နာရီ အချိန်ကအမ်းတပ်နယ်စျေး အနီးလမ်းဆုံ၌ ပြုလုပ်ခဲ့သည်။