သတင်းများ

တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ
Sep 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်း၊ ဥက္ကလာပဘုရားရှေ့တွင် ယနေ့နံနက်(၈:၀၀)အချိန်က ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ခရီးသွားလာနေကြသော မိဘပြည်သူများ နေအိမ်မှပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို
မြစ်သားမြို့နယ်၌ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်းများ ဖြန့်ဝေခြင်းနှင့် ရှင်းလင်းခြင်းဆောင်ရွက်
Sep 26,2022
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက မိဘပြည်သူများအား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ရှင်းလင်းဆောင်ရွက်မှုများကို ယနေ့နံနက် ပိုင်းကမြစ်သားမြို့ အဝင်ဆိုင်းဘုတ်ရှေ့၊ မြို့မစျေး၊ဌာနဆိုင်ရာများ၊ လူစည်ကားရာနေရာများနှင့် မိမိမြို့နယ်ရုံးသို့ လာရောက်ဆောင်ရွက်ကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု မိဘပြည်သူများအား ဖြန့်ဝေရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေး၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရတနာဈေး၌ ယနေ့နံနက်(၇)နာရီခွဲအချိန်က Mask Campaign ပြုလုပ်၍ ဈေးအတွင်း၌ဈေးရောင်းချလျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့်
သီတင်းကျွတ်ကာလ ရုံးပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ဘုရားဖူး လာရောက်ရင်း ပလင်းကမ်းသာယာဆင်စခန်းသို့ တဆက်စပ်တည်းဝင်ရောက်လေ့လာ အပန်းဖြေနိုင်
Sep 26,2022
သီတင်းကျွတ်ရုံးပိတ်ရက်များတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်ရင်း ညောင်ဦးမြို့မှ (၅)မိုင်အကွာ ညောင်ဦး-ပခုက္ကူ-မြင်းခြံကားလမ်းမကြီးဘေးအနောက် ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းသို့ တဆက်တစပ်တည်း လာရောက်အပန်းဖြေလည်ပတ် လေ့လာနိုင်ကြောင်း ဆင်စခန်းတာဝန်ရှိသူများထံကသိရသည်။
ဝိုင်းမော်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Sep 26,2022
ကချင်ပြည်နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ ဝိုင်းမော်မြို့ ရပ်ကွက်(၂)ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
မိုင်းစံမြို့ ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ်အဖြစ် ထိုးနှံပေး
Sep 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊  မိုင်းစံမြို့၌ ပြည်သူလူထုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နေ့လည် (၁၂)နာရီခွဲက မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးရေးဌာနတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
Sep 26,2022
ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့အား ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအားဆွဲဆောင်နိုင်သော သဘာဝခရီးသွားမြို့တော်ဖြစ်စေရေးနှင့် သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော်ဖြစ်စေရေး  ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများ အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မဘိမ်းမြို့၌ ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေး
Sep 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီးဖြစ်သော ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းကို