သတင်းများ

ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ (၁၈)ရပ်ကွက်၊ မြို့အဝင်လမ်းဆုံတွင် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ဓနုဖြူမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ ပြည်သူသို့ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး 
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၁၁)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က စတင်ရောင်းချပေးလျက် ရှိသည်။
ကသာမြို့၌  အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Sep 26,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်တွင် ဒေသခံပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ရည်ရွယ်ကာ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇)နာရီအချိန်က ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ဧရာရွှေလီအားကစားခန်းမရှေ့တွင် ရောင်းချပေးခဲ့သည်။
မြို့သစ်တွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မှုခင်းကျဆင်းရေးအသိပညာပေးဟောပြောပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရတနာခန်းမ)၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သထုံမြို့နယ်တွင် ယခုနှစ် ရာဘာရာသီစတင်ချိန် ခြံဖွင့်ဈေး ယခင်နှစ်ကထက် ဈေးကောင်းပိုရ
Sep 26,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ယခုနှစ် ခြံဖွင့်ရာသီစတင်ချိန်၌ ရာဘာဈေးနှုန်း‌ပေါက်ဈေးမှာ ပြီးခဲ့သည့်နှစ် ခြံဖွင့်ရာသီကထက် ဈေးပိုရကြောင်း ဒေသတွင်းရာဘာစိုက် တောင်သူများထံမှ သိရသည်။
ဂန့်ဂေါမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4, B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Sep 26,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ မြို့နယ်ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မြို့ပေါ်(၄)ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4, B.5 ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
ကန့်ဘလူမြို့၌ စျေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေး
Sep 26,2022
ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက် ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ကန့်ဘလူမြို့နယ် စည်ပင်သာယာခန်းမ၌ ယ‌နေ့ နံနက် ၇ နာရီက စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများ ဆောင်ရွက်
Sep 26,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် Mask Campaign ပြုလုပ်ခြင်းများကို နေ့စဉ်စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။