သတင်းများ

မန်တုံမြို့နယ်  လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ဝန်ထမ်းများ လုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားစေရန် Video Editing သင်တန်းဖွင့်လှစ်
Sep 26,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က Video Editing ပြုလုပ်နည်းသင်တန်းကို ဝန်ထမ်းများနှင့် ဖွင့်လှစ်ခဲ့သည်။
လွိုင်လင်မြို့၌စားသုံးသူမိဘပြည်သူများအား အခြေခံစားသောက်ကုန်များ သက်သာသော‌ ဈေးနှုန်းဖြင့်ရောင်းချပေး
Sep 26,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ လွိုင်လင် တပ်နယ်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ‌ဒေသခံမိဘပြည်သူများအတွက်  အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ယမန်နေ့ နံနက် (၈)နာရီက မြို့မဈေးကြီးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး
Sep 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှုတစ်ရပ်အနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာပေဖတ်ရှုမှုအဆင်ပြေစေရန် Mobile စနစ်ဖြင့်စာအုပ် စာစောင်များငှားရမ်းပေးခြင်းကို ယနေနေ့လယ်(၁၂) နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် သွား ရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မန်တုံမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြဆောင်ရွက်
Sep 26,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့ နံနက်ပိုင်းကအမှတ်(၁) ရပ်ကွက်၊ မန်ကန်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လဲချားမြို့နယ် အ-မ-က(၂)မူလွန်ကျောင်းတွင် လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှု အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က  အ​-မ-က(၂)မူလွန်ကျောင်းတွင် ဟောပြောပွဲကျင်းပခဲ့ပါသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်
Sep 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက် ၉နာရီအချိန်က ကမမောင်းမြို့ အမှတ် ၂ ရပ်ကွက်၌ ပြည်သူများအား ကိုဗစ်-၁၉ အိုမီခရွန်မျိုးကွဲ B.4,B.5, ရောဂါပိုး ကြိုတင်ကာကွယ်နိုင်စေရေး အသိပညာပေး နှိုးဆော်မှုများဆောင်ရွက်ခဲ့သည်။
စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုး​ရေးအတွက် ကွင်းဆင်းဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်အတွင်း တရားဥပ​ဒေစိုးမိုး​ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေး၊ ဒေသဖွံ့ဖြိုး​ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါသော စစ်​ကြောင်းကြီး(၅)​ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က ကျီးချောင်းကျေးရွာအုပ်စု၊ စစ်ပင်ကျေးရွာဘုန်းကြီး ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ စုပေါင်းဆောင်ရွက်
Sep 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေးဒရဲမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံ စေတီတော်မြတ်ကြီး ပရဝုဏ်အတွင်း၊ အပြင်ရှိ မြက်ပင်နှင့် ခြုံနွယ်များရှင်းလင်းခြင်း၊ အမှိုက်များသိမ်းဆည်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။