မုံရွာခရိုင်အတွင်း မုံရွာမြို့၊ ဘုတလင်မြို့တို့၌ တန်ဖိုးသင့် စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး
Sep 26,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်စီစဉ်မှု၊ မုံရွာခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန် ရောင်းချရေးအဖွဲ့မှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် တန်ဖိုးသင့်စားသောက်ကုန်များကို အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့် နေ့စဉ်ရောင်းချပေးလျက်ရှိရာ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က မုံရွာမြို့ရန်ကင်းရပ်ကွက် အောင်မဟာလမ်း၌ အိမ်ထောင်စုပေါင်း ၃၀၀ ကို ရောင်းချပေးနိုင်ခဲ့ကြကြောင်း သိရသည်။