သတင်းများ

တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံခြင်းနှင့် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံနိုင်ရန်အတွက် ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းလုပ်ငန်းနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရန် ကျန်းမာရေးစစ်ဆေးခြင်းအား စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက “အောင်မင်္ဂလာ”ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် မွန်းလွဲညနေပိုင်းက “အကယ်ဒမီ” ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဆောင်ရွက်ကြသည်။
မိုင်းတုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ဆိုင်းဘုတ်စိုက်ထူ
Sep 28,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် ဆိုင်းဘုတ်စိုက်ထူခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က မြို့မပန်းခြံထောင့်တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ်( ၄/၂၀၂၂)တက်ရောက်
Sep 28,2022
စစ်ကိုင်းတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဇမ္ဗူသီရိမြို့နယ်တွင် “ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး” Talk Show ကျင်းပ
Sep 28,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၁) နာရီက “ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်
Sep 28,2022
ဒေသတွင်းတည်ငြိမ်အေးချမ်း‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက ကျင်းပ ပြုလုပ်သည်။
မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှအသက်(၉)နှစ်အထိ ကျောင်းသား/(၁၄၀)ဦးအား ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊‌ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြိုတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်ခန့်က မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောက်စိမ်းခန်းမတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိသည်။
ပုသိမ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတွင် ပြုလုပ်ခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ (၈)ကြိမ်မြောက် မြက်တိုကျေးရွာအုပ်စုတွင် အခြေခံစားသောက်ကုန် များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 28,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ မြက်တိုကျေးရွာအုပ်စု၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့် အဖွဲ့တို့က ကျေးလက်နေ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းကို ယမန်နေ့နံနက်ပိုင်း ကဆောင်ရွက် ခဲ့ကြပါသည်။