သတင်းများ

တံတားဦးမြို့ မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ပြည်ထောင်စုရန်ပုံငွေဖြင့် စာသင်ဆောင် ဆောက်လုပ်
Sep 28,2022
တံတားဦးခရိုင်၊ တံတားဦးမြို့ မေဃဝန်အခြေခံပညာမူလတန်းကျောင်း၌ ၆၀’×၃၀’×၁၂’ ရှိ စာသင်ဆောင်ကို  ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောင်းကုန်းမြို့နယ် မင်္ဂလာလမ်းအားကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Sep 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ဈေးနှုန်းအဆိုပြုလွှာစနစ်ဖြင့် ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်းများမှ အမှတ်(၂)ရပ်ကွက်၊ မင်္ဂလာလမ်း ကွန်ကရစ်ခင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟင်းသီးဟင်းရွက်နှင့် ငါးများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Sep 28,2022
ဧရာဝတီတိုင်း‌ဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်း ဟင်းသီးဟင်းရွက်နှင့် ငါးများဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခြင်းလုပ်ငန်းအား ယနေ့နံနက် ၇ နာရီအချိန်က အမှတ် (၉)ရပ်ကွက်၊ စံပယ်လမ်းထိပ်နှင့် အမှတ်(၁၃)ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းဆုံ၌ ဆောင်ရွက်သည်။
ဒလမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းစာကြည့်တိုက်များသို့ ကွင်းဆင်းဆောင်ရွက်
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေး စစ်ကြောင်းဟူ၍ မြိုနယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်း က  အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်း စာကြည့်တိုက်များ ဆောင်ရွက်ထားရှိမှု အသုံးပြုပုံတို့ကို ကြည့်ရှု့ရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြ သည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အာဟာရကြက်သားဆန်ပြုတ်တိုက်ကျွေး
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အနာဂတ်မျိုးဆက်သစ်များ ကျန်းမာသန်စွမ်းစေရန်ရည်ရွယ်၍ ကျောင်းသား/ ကျောင်းသူများအား အာဟာရကြက်သားဆန်ပြုတ်ကို ယမန်‌နေ့ ညနေပိုင်းအချိန်၌ တိုက်ကျွေးခဲ့သည်။
ဘားအံမြို့ အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တက်ရောက်ဆေးကုသမှုခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့
Sep 28,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယ တိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတိယတပ်မမှူးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက်ပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့သည်။
မယ်စဲ့မြို့နယ်တွင် တောင်ကျရေစီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းလင်း
Sep 28,2022
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျရေ စီးဆင်းမှုကြောင့် ရေတားတမံပိတ်ဆို့နေမှုအား ဖယ်ရှားရှင်းနေမှုကို ယမန်နေ့ညနေ ၃ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာတို့က သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်အသုံးပြု သွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘန်းယဉ်ကျေးရွာအုပ်စု၊ ဘန်းယဉ်ဈေးတွင်ပြုလုပ်ခဲ့သည်။