သတင်းများ

တောင်သာမြို့တွင် ဆီကုန်သည်ကြီးများအသင်းမှ အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးအတွက် ဈေးနှုန်းချိုသာစွာဖြင့် ဆက်လက်ရောင်းချပေး
Sep 27,2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စာသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် အခြေခံလူတန်းစားများစားသုံးဆီ ဖူလုံစေရေးအတွက် ဘူတာလမ်း ကိုဧရာ (A&T) ဆီဆိုင်၌ ယမန်နေ့နံနက် ၈ နာရီခွဲမှစတင်၍ စာအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် ကြက်ဥများရောင်းချပေး
Sep 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် အမှတ်၂၈ ရေတပ်အခြေစိုက်စခန်း စခန်းမှူးဒုဗိုလ်မှူးကြီးချစ်ကိုကိုဦးဆောင်၍ ယမန်နေ့နံနက် ၉:၀၀ အချိန်မှစတင်ပြီး အမှတ်(၁)ရပ်ကွက်နှင့် အမှက်(၂)ရပ်ကွက်တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။
မြဝတီမြို့အခြေခံပညာမူလတန်းကျောင်းတွင်အဟာရ​ပြည့်နွားနို့နှင့်ကြက်ဥတိုက်ကျွေးပေး
Sep 27,2022
ကရင်ပြည်နယ်၊ မြဝတီမြို့ဝှေ့ရှမ်းကျေးရွာအုပ်စု၊ ညောင်ကုန်းသာကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ယနေ့နံနက် ၁၀နာရီအချိန်က အလှူရှင်ဦးဇော်မြင့် ဇနီးဒေါ်ခင်စန်းဝေ မိသားစုနှင့် ဦးနေဝင်းဇနီး ဒေါ်အေးသက်မွန်မိသားစုတို့မှ ကျောင်းသား၊ကျောင်းသူ ၁၃၀ ဦး တို့အား အာဟာရပြည့်နွားနို့နှင့် ကြက်ဥတို့ကို တိုက်ကျွေးလှူဒါန်းပေးကြောင်း သိရသည်။
အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်
Sep 27,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစနစ်တကျမောင်းနှင်နိုင်စေရေးနှင့် ကိုဗစ်-၁၉ မျိုးကွဲသစ်ကြိုတင် တားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍  ကျွဲပွဲမြို့အတွင်းလူစည်ကားရာနေရာတွင် ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်တွင် ၂၀၂၂ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရှိတောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်က အတိုးနှုန်းသက်သာစွာဖြင့်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလ (၂၇) ရက်  မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ  ဒေသခံတောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့၌ ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုး
Sep 27,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စိုက်ပျိုးသီးနှံ ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေးနှင့် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ သီးညှပ်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဂွေးတောက်ကွင်းကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့တွင် မွေးစအရွယ်မှ အသက် (၁၀) အထိ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေး
Sep 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ ကာကွယ်ဆေးထိုးဌာနတွင် ယနေ့နံနက် (၉) နာရီက မွေးစအရွယ်မှ အသက် (၁၀) နှင့် အတွင်းကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာ(အမှန်) စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး
Sep 27,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူးရေးဆောင်ရွက်ရသော ကျေးရွာ (အမှန်)စာရင်းများ အတည်ပြုရွေးချယ်၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့် ကျေးရွာ စီမံကိန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အဆင့် ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။