သတင်းများ

ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အ.ထ.ကတွင် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိသူများအား ကာကွယ်ဆေးထိုးနှံပေး
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများကို၊ ယမန်နေ့နံနက် (၉) နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကျုံပျော်ခရိုင်၊ အထောင်မြို့တွင် အခြေခံ စားသောက်ကုန်(၃)မျိုးကို ဈေးနှုန်းချိုစွာဖြင့် ဖြန့်ဖြူးရောင်းချ
Sep 28,2022
ပြည်သူများအတွက် စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ရရှိ၍ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ အထောင်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ အခြေခံအိမ်ထောင်စုများအား အ‌ခြေခံစားသောက်ကုန်(၃) မျိုးကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်
Sep 28,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် နေကြာစိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အစုအဖွဲ့ဖွဲ့စည်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း က မကျီးထုံးအုပ်စုအတွင်းရှိ ကျေးရွာများသို့ စားသုံးသူရေးရာဦးစီးဌာနမှ ကွင်းဆင်း၍ ဆောင်းနေကြာသီးသန့်စိုက်ပျိုး ထုတ်လုပ်တောင်သူများနှင့် တွေ့ဆုံ၍အစုအဖွဲ့ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်၌ အခြေခံလူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Sep 28,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံလူသုံးကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို စက်တင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ပင်စုံကျေးရွာ အုပ်စု၊ ကောင်းမှုဗွာကျေးရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ဆက်လက် ရောင်းချ
Sep 28,2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေးလျက်ရှိရာ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက်၊ ဆူးလေဘုရားလမ်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်မှစတင်၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှုရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးတို့အတွက် ဆန်(၁၀)အိတ်၊ ဆီ (၁)ပေပါ၊ ကြက်ဥအလုံး (၁၀၀၀)တို့အား တိုင်းဒေသကြီး၏ သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူတစ်ဦးကို ဆန်(၂)ပြည်၊ ဆီ (၅၀) ကျပ်သား၊ ကြက်ဥ (၁၀)လုံးတို့ကို မျှဝေရောင်းချ ပေးလျှက်ရှိကြောင်း သိရသည်။
နောင်ချိုမြို့နယ်၌ ချစ်ကြည်ရေးဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်ဆောင်ရွက်
Sep 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ချစ်ကြည်ရေး ဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွှဲ ၃ နာရီ အချိန်က CR-7 ဖူဆယ်ဘောလုံးကွင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင်  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Sep 28,2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “ကလေးအလုပ်သမားပပျောက်ရေး” အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ်(၂၅) အခြေခံပညာအထက်တန်းကျာင်း(ခွဲ)နှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား/ သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ ဆရာ/ မများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 28,2022
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ သူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ ဆရာ/ မများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အထက ဇင်းကျိုက်မြို့ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။