နောင်မွန်းမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 28,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများကို အခြေခံ၍လူငယ်များ အားကစားကို ပိုမိုစိတ်ဝင်စားလာပြီး စိတ်ဓာတ်ခန္ဓာ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန်၊ လူငယ်များအားကစားကို စိတ်ပါဝင်စားလာပြီး မူးယစ်ဆေးဝါးကို ရှောင်ရှားလာစေနိုင်ရန်နှင့် မြို့နယ်အတွင်းမှ ဂုဏ်ဆောင်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပခဲ့သော နောင်မွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကို စက်တင်ဘာ(၂၄) ရက် မွန်းလွဲ(၂)နာရီက နောင်မွန်းမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကျင်းပသည်။