သတင်းများ

အောင်လံမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Sep 29,2022
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
နမ့်စန်တွင် ကျောင်းကောင်စီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Sep 29,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)၏ ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉နာရီက စတင်၍ အထက(နမ့်စန်)ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းလွေကျေးရွာအုပ်စု နမ့်မုတ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Sep 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မိုင်းလွေကျေးရွာအုပ်စု နမ့်မုတ်ကျေးရွာရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် သက်ကြီးဘိုးဘွားများအား ယမန်နေ့မွန်းလွဲ ၁ နာရီခန့် ရွာဦး ဘုန်းတော်ကြီးကျောင်း၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများမှ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book Club၊ Woman Club နှင့် Youth Club အဖွဲ့ဝင်များ၊ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မိုးမိတ်မြို့၌ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြော
Sep 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းမျာသည်  ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသ တိုးပွားစေရေးအတွက်ရည်ရွယ်၍
လဲချားတွင်  အသက်(၁)ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေး
Sep 29,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မုံရွာမြို့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်တိုးချဲ့ဆောင်သစ်ဖွင့်လှစ်
Sep 29,2022
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးရှိ ငါးထပ်တိုးချဲ့ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဆေးရုံ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုင်းယောင်းတွင် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Sep 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။