စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

စဉ့်ကိုင် စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း၊ Book Club၊ Woman Club နှင့် Youth Club အဖွဲ့ဝင်များ၊ ပူးပေါင်း၍ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲများ၊ ပြိုင်ပွဲ၊ ပြပွဲများ ပြုလုပ်မည့် အစီအစဉ်ကို အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဒေါ်နီနီ (Woman Club) အဖွဲ့ဝင်က ကျောင်းသား/သူ လူငယ်၊ လူရွယ်များ ကျောင်းစာအပြင် စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာပြီး စာပေများမှ အသိပညာဗဟုသုတများ  ရရှိစေရန် ကဗျာရွတ်၊   ပန်းချီ ပြိုင်ပွဲများ၊  ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စကားရည်လုပြိုင်ပွဲ၊ နံရံကပ်စာစောင် ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ဦးဝင်းကြည် Book Club ဥက္ကဋ္ဌက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီး အကဲဖြတ်အမှတ်ပေးဒိုင်များ ရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး ဒေါ်ခင်နှင်းဖြူ (Youth Club) အဖွဲ့ဝင်နှင့် တက်ရောက်လာသော စာပေချစ်သူများအဖွဲ့ကလည်း ဆုများပေးအပ်ချီးမြှင့်နိုင်ရေး၊   ကျောင်းများသို့  ဖိတ်ကြားရေးစသည့် ကိစ္စရပ်များကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)