မိုင်းယောင်းတွင် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

မိုင်းယောင်း စက်တင်ဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်က ခွေးရူးရောဂါကာကွယ်ရေး သိကောင်းစရာများ ဆွေးနွေးပြောကြားပြီး ခွေး ၄၁ ကောင်ကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးကာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း