သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲကျင်းပ
Sep 29,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ ထန်ပါခွေမြို့၌ ယနေ့ နံနက် (၉) နာရီအချိန်က တောင်သူ ဦးခနူး၏ စိုက်ခင်းတွင် သဘာဝမြေသြဇာပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ စစ်ကွင်းကွမ်းခြံကျေးရွာအုပ်စု၊ စစ်ကွင်းကျေးရွာတွင် စက်တင်ဘာလ ၂၈ ရက်နေ့တွင် ရောက်ရှိသော ၁၆ ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေး
Sep 29,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၁၆)ကြိမ်မြောက်ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ်ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကိုယမန်နေ့နံနက်ပိုင်းကမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူးဒေါက်တာသင်းသင်းခိုင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ခွေးများအားအခမဲ့ ခွေးရူးကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် ဒေသထွက်လက်ဖက်ကို အခြေခံပြီး စာသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်
Sep 29,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်လက်ဖက်အား အခြေခံပြီး စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားကုန်များ ထောက်ပံ့
Sep 29,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ နတ်မောက်မြို့ပေါ်(၇)ရပ်ကွက်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီခွဲအချိန်က စျေးရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားကြီးကွင်း၌ ကျင်းပခဲ့သည်။
ငါးသိုင်းချောင်းမြို့၌ (၉)ကြိမ်မြောက်အဖြစ် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းဆောင်ရွက်
Sep 29,2022
ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့နေ အခြေခံလူတန်းစားအိမ်ထောင်စုများအား စားစရိတ်သက်သာစေရန် အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့က ဆောင်ရွက်လျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား၊ ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ခရိုင်အမျိုးသမီးဘောလုံးအသင်းနှင့် ဗဟိုအဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြု
Sep 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဥက္ကဌဖလား၊ ခရိုင်ပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဆုဖလားရရှိခဲ့သည့် ကျောက်ဆည်ခရိုင် အမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် (၂၃) ကြိမ်မြောက် မြန်မာ့ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုသည့်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်
Sep 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးနှင့်ကြောင်များအား ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာအုပ်စု ၊ အနောက်စုကြီး စံပြကျေးရွာတွင် ပြုလုပ်ခဲ့သည်။