နမ့်စန်တွင် ကျောင်းကောင်စီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ

နမ့်စန်() စက်တင်ဘာ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်) ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို မန်နေ့ နံနက် ၉နာရီက စတင်၍ အထက(နမ့်စန်)ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းကောင်စီ ဥက္ကဋ္ဌဖလား အမျိုးသမီးပွဲ ဗိုလ်လုပွဲ ပထမပွဲစဉ်အဖြစ် ဆု၀ သန်မှုး အမျိုးသမီးအသင်းနှင့် နန်းရတီအမျိုးသမီး တို့ယှဉ်ပြိုင်ခဲ့ရာ နန်းရတီ အသင်းက ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ အထက်တန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အနော်ရထာ အသင်းနှင့်ဗန္တုလ အသင်းတို့ယှဉ်ပြိုင်ခဲ့ရာ အနော်ရထာအသင်းက ဂိုး ၂ဂိုးဖြင့် အနိုင်ရခဲ့ သည်။

ထို့နောက် အလယ်တန်းအဆင့်နှင့်မူလတန်းအဆင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ များကို ဆက်လက်ကျင်းပရာ အလယ်တန်းအဆင့်တွင် ဗန္တုလအသင်းနှင့်  မူလတန်းအဆင့် တွင် အနော်ရထာ(က)အသင်းတို့က အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲအလိုက်ဆုရရှိသောအသင်းများနှင့် ထူးချွန်အားကစားသမားများကို ဒုတိယမြို့နယ် ပညာရေးမှူး ဦးကျမူး၊ လက်ထောက် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်း၊ အထက(နမ့်စန်) ကျောင်းကောင်စီဥက္ကဋ္ဌ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် တာဝန်ရှိသူများက ဆုဖလားများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းကောင်စီ ဥက္ကဋ္ဌ ဖလားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၀ ရက်နေ့တွင် စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ထက်၊ လယ်၊ မူ အဆင့်အလိုက် အထက(နမ့်စန်)မှ ပြိုင်ပွဲဝင် အသင်း ၂၄ သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

သူရအောင်(ပြန်/ဆက်)