အောင်လံမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

အောင်လံ စက်တင်ဘာလ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဆေးဝါးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များရှိ ဆေးဆိုင်များအား မြို့နယ်ဆေးဝါးနှင့် ဆေးပစ္စည်းဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဌာန၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့ပေါ်ရပ်ကွက်များ၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆေးဆိုင်များအား ကန့်သတ်ဆေးဝါးများရောင်းချခြင်း၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ၊ ဆေးဝါးများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချခြင်းရှိ/မရှိနှင့် အရည်အသွေးပြည့်ဝသော ဆေးဝါးများရောင်းချစေရန်ရည်ရွယ်၍ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)