သတင်းများ

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး မက်မန်းခရိုင်/ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံ
Sep 29,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်နှင့်အဖွဲ့သည် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက တွေ့ဆုံသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်း အခမ်းအနားကျင်းပ
Sep 29,2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ (၁)တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဖားဆောင်းမြို့နယ် နန်းဟူးကုန်းကျေးရွာ၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်
Sep 29,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်စေတနာ့ဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီက နန်းဟူးကုန်းကျေးရွာ၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသူများအား ထပ်ဆောင်း (Booster Dose)  စတုတ္ထအကြိမ်ထိုးနှံပေး
Sep 29,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပြီးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထပ်ဆောင်း (Booster Dose) စတုတ္ထအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီ အချိန်က အမှတ် (၄) ရပ်ကွက် တိုက်နယ်ကျန်းမာရေးဦးစီးဌာနဆေးခန်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 29,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက (၁၆) ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်သာမြို့ မြို့မစည်ပင်သာယာဈေး၌   Mask Campaign ပြုလုပ်
Sep 29,2022
တောင်သာမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဉက္ကဋ္ဌ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဉက္ကဋ္ဌ ဦးဟန်သူရ၏ ဦးဆောင်မှုဖြင့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ သွားလာနေထိုင် သည့် အလေ့အထကောင်းများ ရရှိစေရန်အတွက် ယနေ့နံနက်(၈)နာရီ အချိန်က မြို့မစည်ပင်သာယာ ဈေးအနီးပတ်ဝန်းကျင်နှင့် တောင်သာ-မြင်းခြံမော် တော်ကားလမ်းဘေးဝဲ/ယာ၌ Mask Campaignပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါး လျာထားချက်ပြည့်မီ၍ အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြည့်ရှု
Sep 29,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၂ခုနှစ် မိုးစပါးလျာထားချက် ပြည့်မီစွာအောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍  ယမန်နေ့ နံနက်၁၀ နာရီက အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်စီမံကိန်း မိုးစပါးစိုက်ခင်းများ ကွင်းဆင်းကြည့်ရှုသည်။