မိုးမိတ်မြို့၌ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာများ အသိပညာပေးဟောပြော

 မိုးမိတ်  စက်တင်ဘာ ၂၉  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းမျာသည်  ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အသိပညာဗဟုတုသ တိုးပွားစေရေးအတွက်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လည်ပိုင်းက  လက်ခုပ်ပင်အခြေခံပညာအလယ်တန်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပတ်သက် ဆောင်ရန်၊ ရှောင်ရန်များကို ဟောပြောခဲ့ပြီး  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေးဆွေနွေးဟောပြောခြင်းတို့ကို   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)