မိုင်းလွေကျေးရွာအုပ်စု နမ့်မုတ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

မိုင်းယန်း   စက်တင်ဘာ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မိုင်းလွေကျေးရွာအုပ်စု နမ့်မုတ်ကျေးရွာရှိ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံတိုင်းရင်းသားပြည်သူများနှင့် သက်ကြီးဘိုးဘွားများအား ယမန်နေ့မွန်းလွဲ ၁ နာရီခန့် ရွာဦး ဘုန်းတော်ကြီးကျောင်း၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ကျန်းမာရေးဌာနတာဝန်ရှိသူများမှ ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သွားရောက်ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ခရိုင်ဒုတိယအုပ်ချုပ်ရေးမှူး  ဦးမန်ကိုဟော၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများတို့မှ ကျေးရွာနေ အသက်(၁၈)နှစ်အထက် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် သက်ကြီးဘိုးဘွားများ စုစုပေါင်း (၄၅)ဦးအား စာရင်းမှတ်တမ်းများ စနစ်တကျဆောင်ရွက်ပြီး ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  သွားရောက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး