လဲချားတွင်  အသက်(၁)ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

လဲချား    စက်တင်ဘာ   ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က  မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးခဲ့သည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးရာတွင် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများမှ အသက် (၁)နစ်ခွဲအောက် ကလေးများကို ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ ဘီစီဂျီ၊ အသည်း ရောင်အသားဝါ (ဘီ)၊ပြင်းထန်ဝမ်းပျက် ဝမ်းလျှော(ရိုတာ)၊ပိုလီယို၊ ပြင်းထန် အဆုတ်ရောင်၊ဆုံ ဆို့၊ကြက်ညှာ၊ မေးခိုင်၊ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်၊ ဂျိုက်သိုး စသည့် ပုံမှန်ကာ ကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် လဲချားမြို့ပေါ်ရပ်ကွက်များရှိ ကလေးငယ်များအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ် ပြန်/ဆက်)