နောင်ချိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ သက်ကြီးဘိုးဘွားများနေ့ အခမ်းအနားဆောင်ရွက်

နောင်ချို   အောက်တိုဘာ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ()ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များနေ့ အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သံသရာအေး ဘိုးဘွားရိပ်သာတွင် ယနေ့နံနက် (၁၀)နာရီ အချိန်က  ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ကျော်မိုး က သက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် လူ့အဖွဲ့အစည်းအတွက် သက်ကြီးရွယ်အိုများသည် အကျိုးရှိနေဆဲ အသုံးဝင်နေဆဲဖြစ်ကြောင်း၊ ဘိုးဘွားများ ဖြတ်သန်းကြုံတွေ့လာရသည့် အတွေ့အကြုံနှင့် ပညာများသည်  အနာဂါတ်မျိုးဆက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေဖြစ်ပါကြောင်း၊ ဒါကြောင့် မိမိတို့သည် သက်ကြီးရွယ်အိုများကို လေးစားထိုက် ဂုဏ်ပြုထိုက်သူများအနေဖြင့် ယနေ့အခမ်းအနားကို ပြုလုပ်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက် ဘိုးဘွား(၁၆)ဦးအား ငွေကျပ် ၄၅၀၀၀၀/-တန်ဘိုးရှိ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေကျပ် ၁၆၀၀၀၀/-ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ကျော်မိုးနှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများက ဘိုးဘွားများလက်ဝယ်အရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းမေတ္တာပို့သခဲ့ပြီးနောက်ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)