လယ်ဝေးမြို့နယ်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အသိပညာပေး Talk Show ကျင်းပ

လယ်ဝေး အောက်တိုဘာ ၁

၂၀၂၂-ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် ‘ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ’ အထိမ်းအမှတ်  သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့် သက်ကြီးရွယ် အိုစောင့်ရှောက်ရေး အသိပညာပေး Talk Show ကို လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ Talk Show တွင် မြို့နယ်ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်နှင့် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်တို့က သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဖွဲ့စည်းမှု၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု၊ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေ၊ အသက်(၈၅)နှစ်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင်ထောက်ပံ့မှု၊ လူမှုအားမာန်အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေမှုများအား  အပြန်အလှန်မေးမြန်း ဆွေးနွေးခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ်ရုံးအနေဖြင့် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာအုပ်မိတ်ဆက်၊ ပုံပြင်၊ ကဗျာရွတ်၊ အရုပ်ခေါက်ခြင်း၊ ရွှေသွေးကာတွန်း၊ အားကစားလှုပ်ရှားမှုစသည့် အစီအစဉ်များကိုရိုက်ကူး၍ Onlineမှ တင်ဆက်ပေးလျက်ရှိရာ သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အသိပညာပေး Talk Show အစီအစဉ်ကိုလည်း We Love Leiway Page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေဇော်ချစ်(ပြန်/ဆက်)