မိုင်းပျဉ်း အောက်တိုဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများ နေ့ အခမ်းအနားကို မြို့နယ်အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စုစုရီက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ပါသည်။ ထို့နောက် မြို့ပေါ် ရပ်ကွက်(၃)ရပ်ကွက်မှ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဝင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ကျော်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုရီ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင် ဒေါ်နန်းပင်းတစ်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်စိန်မေတို့က လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ထိန်လင်းအောင်နှင့် ကျန်းမာရေး ဆရာမများက အဘိုး၊ အဘွား တစ်ဦးချင်းစီအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသန္တာဦး (ပြန်/ဆက်)