ပူတာအို အောက်တိုဘာ ၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန် က ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် ပူတာအိုခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းဆွေညွန့် က ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက် ထံမှပေးပို့သော (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သဝဏ်လွှာကိုဖတ်ကြားသည်။
ဆက်လက်၍ စစ်ဗျူဟာအဖွဲ့(အခြေချ) ပူတာအို စစ်ဗျူဟာမှူး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ရဲတပ်သားသစ် အများဆုံးစုဆောင်းရရှိသည့် မြို့နယ်ရဲတပ်ဖွဲ့များအား ပထမ၊ ဒုတိယ၊ တတိယဆုကိုလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တက်တက်ကြွကြွ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များကို လည်းကောင်း၊ မိသားစုနေအိမ်လိုင်းခန်း သန့်ရှင်းရေးအကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆုရ တပ်ဖွဲ့ဝင်/မိသားစုများကို လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခမ်းအနားတက် ရောက်လာသူများက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုပ်ဆောင်ချက် မှတ်တမ်းဗွီဒီယိုကလစ်အား ပရိုဂျက်တာဖြင့်ပြသမှုများ ကိုကြည့်ရှုအားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)