ဘိုကလေးမြို့နယ်တွင် ပန်းခင်းစီးမံချက်ဖြင့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေးကဒ် ဆက်လက်ပြုလုပ်ပေး
Oct 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်ရှိ၊ သဒ္ဓမ္မဝတီကျောင်းတိုက်တွင် ယမန်နေ့နံနက်မှ စတင်ကာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ အမှတ်(၇)ရပ်ကွက်အတွင်းရှိ တစ်ကြိမ်တစ်ခါမှ နိုင်ငံသားစိစစ်ရေးကဒ်မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်မှ (၁၈)နှစ်အတွင်း ကျောင်းသား/သူများနှင့် ပြည်သူများအား ပန်းခင်းစီးမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယနေ့နေ့လယ် (၂)နာရီခွဲအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးကံဝင်းမှ လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။