ပခုက္ကူ အောက်တိုဘာ ၁
၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့တွင် ကျရောက်တော့မည့် ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်အသိပညာပေး (Talk Show)ပွဲကို ယမန်နေ့မွန်းတည့် ၁၂နာရီအချိန် က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ (Talk Show)ပွဲတွင် ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများက ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့ သမိုင်းအကျဉ်း၊ သက်ကြီးရွယ်အိုများကို ပိုင်းခြားသတ်မှတ်ပုံ၊ ဘိုးဘွားရိပ်သာ၏ အဓိပ္ပါယ်၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံ၏ သက်ကြီးရွယ်အိုများ ကာကွယ်စောင့်ရှောက်မှုစနစ်များ၊ သက်ကြီးရွယ်အိုများအား လူမှုအကာ အကွယ်စောင့်ရှောက်ပေးမှုစနစ်၊ မြန်မာနိုင်ငံရှိ သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေတွင် အသက်(၆၀)နှစ်အထက်ကို သက်ကြီးရွယ်အိုအဖြစ် သတ်မှတ်ထားမှုများ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က သက်ကြီးရွယ်အိုများ အား လူမှုရေးပင်စင်အဖြစ် လစဉ်ထောက်ပံ့ကြေးပေးအပ်နေမှုများနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်စေရေးတို့အတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှုများ စသည့်အကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)