လွိုင်လင် အောက်တိုဘာ ၁
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ ဖြစ်ရာ လွိုင်လင်ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲကို အောက်တိုဘာလ ၁ ရက် ၊ နံနက်(၁၀) နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ချိုးဖြင့် ကန်တော့ကြပြီးနောက် လှူဘွယ် အာဟာရပစ္စည်းများနှင့် လှူဒါန်းငွေများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်နှင့်ဇနီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့်ဇနီး၊ အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှူဒါန်းကြသည်။ ယင်းနောက် ကန်တော့ခံသက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက ဆုတောင်းစကား ပြန်လည်ပြောကြားခဲ့သည်။
ခရိုင်ပြန်/ဆက်