တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) ကျင်းပပြုလုပ်

တောင်သာ အောက်တိုဘာ ၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊  မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ ( Talk Show ) အား ယမန်နေ့ နံနက်( ၈ )နာရီအချိန်က ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးနှင့် ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး ပညာရေး (ငြိမ်း)  ဆရာ ဦးစိုးနိုင်မှ ကမ္ဘာ့ဆရာများနေ့နှင့် ပတ်သက်၍   ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းဆွေးနွေးပွဲ၌    ပညာရေး(ငြိမ်း)ဆရာ ဦးစိုးနိုင်မှ    ဆွေးနွေးရာတွင် ဆရာဆိုတာ ကိုယ်ကျင့်သိက္ခာကောင်းခြင်း၊ အတွေးအခေါ် အယူအဆမှန်ကန်ခြင်း၊ လေ့လာသင်ယူပြီး   ဆရာအတတ်ပညာနှင့် ပြည့်စုံသူ၊ ဆရာဆိုတာ တပည့်များအပေါ်ကမ္ဘာလောကကြီးတွင် အတတ်ပညာ၊ အသိပညာတို့ကိုဖြန့်ဝေနိုင်သောသူ၊ လောကကောင်းကျိုးများ ကိုသာ   ဆောင်ကျဉ်းပေးသော   ဆရာတို့၏   ဂုဏ်ကျေးဇူးများကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာ့ဆရာများနေ့ဆိုပြီး   တစ်ကမ္ဘာလုံးက ဂုဏ်ပြုပူဇော်ပွဲများ   ကျင်းပကြခြင်းဖြစ်ကြောင်း စသည်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)