ဟိုပန်မြို့၌ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ဟိုပန် အောက်တိုဘာ

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ()ရက်နေ့ တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ()နာရီခွဲအချိန် က ""ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ ဝဏ္ဏကျော်ထင်စဝ်ခွန်ဆမ်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီသူနာပြု အသင်းအဖွဲ့နှင့် အလှူရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ကန့်တော့ခံသက်ကြီးဘိုးဘွားများအား ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုယ်ပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းများ၊ လက်သန့်ဆေးရည်များဖြင့် လက်များသန့်စင်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ဟိုပန်မြို့နယ်ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကြ၍ လှူဖွယ်ပစ္စည်းများနှင့် အလှူငွေများအား ဘိုးဘွားတစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပ့ံပေးအပ်ခဲ့ကြပြီး ကန်တော့ခံ သက်ကြီးဘိုးဘွားများကိုယ်စား သက်ကြီးအဘွားတစ်ဦးက ကျေးဇူးတင်ဆုတောင်းစကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ကျင်းပပြုလုပ်ခဲ့ပြီး ဟိုပန်မြို့နယ်အတွင်း ရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွား (၇၆)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေနှစ်သောင်းနှင့်  ပစ္စည်းတန်ဖိုး တစ်သောင်း၊ စုစုပေါင်း သုံးသောင်းကျပ်နှုန်းဖြင့် ကန့်တော့ခဲ့ရာ စုစုပေါင်း ငွေကျပ်(၂၂၈၀၀၀၀)အား ထောက်ပံ့ကန့်တော့ခဲ့ကြောင်း ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်။

ဇင်ဇင်(ပြန်/ဆက်)