တောင်ကြီးမြို့နယ်တွင် အိပ်ခန်းဆောင်ခင်းကျင်းထိန်းသိမ်းခြင်းနှင့် အစားအသောက်ထည်ခင်းဧည့်ခံခြင်း သင်တန်းဆင်းပွဲ ကျင်းပ

တောင်ကြီး  အောက်တိုဘာ  ၁

ရှမ်းပြည်နယ်(တောင်ပိုင်း) ရှမ်းပြည်နယ်အစိုးရနှင့် ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Training Hotel အိပ်ခန်းဆောင်ခင်းကျင်းထိန်းသိမ်းခြင်း (House keeping Training) နှင့် Training Hotel အစားအသောက်ထည်ခင်းဧည့်ခံခြင်း (Waiter&Waiteress/ F&B) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီ က တောင်ကြီးမြို့၊ ပန်သခွားကျေးရွာ၊ စွန်းထီထင်ဘက်စုံဖွံ့ဖြိုးရေးရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်  က နှုတ်ခွန်း ဆက်အမှာစကားပြောကြားခဲ့ပြီး၊ ပါရမီဖွံ့ရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင် က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။

ဆက်လက်၍ အိပ်ခန်းဆောင်ခင်းကျင်းထိန်းသိမ်းခြင်းနှင့် အစားအသောက်တည်ခင်း ဧည့်ခံခြင်း သင်တန်းသင်တန်းတွင် ဆုရရှိသူများကို ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့် က ပထမ၊ ဒုတိယ၊ တတိယရရှိသူများကို တစ်ဦးချင်းစီ ဆုများကိုလည်းကောင်း၊ ရှမ်းပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာအေး၊ ပါရမီဖွံ့ရေးကွန်ယက် ဥက္ကဋ္ဌ ဦးအောင်ခင်၊ ရှမ်းပြည်နယ် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအေးသောင်း၊ ရှမ်းပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမြင့်တို့က သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးခဲ့ကြသည်။

ထို့နောက် သင်တန်းသား/ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦး က ကျေးဇူးတင် စကားပြောကြားပေးခဲ့ကြပြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ စုပေါင်း၍အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အဆိုပါ သင်တန်းကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ()ရက်နေ့မှ (၃၀)ရက်နေ့အထိ တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)